ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်
ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) အောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။