ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ရွှေ့ပြောင်း အလုပ်သမား (၈၉၅၈)ဉီးရှိ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသား နေရပ်ပြန်ရွှေ့ပြောင်း အလုပ်သမား များသည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ် ဝင်ရောက် လျက်ရှိရာ မေလ ၃၁ ရက်နေ့အထိ ပြန်ဝင်လာသူဉီးရေမှာ အမျိုးသား(၅၁၅၂)ဉီး နှင့် အမျိုးသမီး (၃၈၀၆)ဉီး စုစုပေါင်း(၈၉၅၈)ဉီးထိရှိလာကြောင်း သိရ
သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များမှအိမ်ထောင်စု ၈၀၀ သို့ အခြေခံစားသောက်ကုန်များ လှူဒါန်း

ကျောက်ဆည် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဆိုင်ထိုင် စားသောက်ခြင်းများ ယာယီပိတ်ထားသော စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးလျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါမပြန့်ပွားစေရေးအတွက် ဆိုင်ထိုင်စားသောက်ခြင်းများ ယာယီပိတ်ထားသည့် စားသောက်ဆိုင်များအားလုံးအား ယခုအခါ ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ဆေးလျှက်ရှိကြောင်း သိရှိရ
မန္တလေးမြို့ရှိ မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာတိုက်ခန်းဝယ်ယူခွင့်ရရှိသူများအား ဇွန်လ ၁ ရက်တွင် တိုက်ခန်းနေရာများ စတင်မဲဖောက်ပေးသွားမည်

ကော့ကရိတ်မြို့၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ သွားလာသည့် ပြည်သူများအား ပညာပေး အရေးယူ ဆောင်ရွက်လျှက်ရှိ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူစည်ကားရာ လမ်းဆုံများတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုနိုင်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာခြင်းမရှိသူများကို ယမန်နေ့ နံနက်ပိုင်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရ
ပခုက္ကူမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး ကွင်းဆင်းစစ်ဆေး
ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ရေး ဆိုင်ထိုင်စားသောက်ခွင့်ပိတ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် မေ ၃၀ ရက် ညနေ ၃နာရီခွဲက ကွင်းဆင်း စစ်ဆေး