ဝက်ဝမ်းကျရောဂါနှင့် ကြက်လည်လိမ်ရောဂါ ဖြစ်ပွားမှုမရှိစေရေး အခမဲ့ကာကွယ်ဆေးထိုးပေး

မော်လမြိုင်ကျွန်းမြို့နယ် ဖူထီကျေးရွာအုပ်စု၊ နွားရေကျော်ကျေးရွာတွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းနှင့် ဝန်ထမ်းများက ဝက်ဝမ်းကျရောဂါနှင့် ကြက်လည်လိမ်ရောဂါများ မဖြစ်ပွားစေရေးအတွက် အခမဲ့ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိသည်။
မြိတ်မြို့တွင် လမ်းမပေါ် အုံ့မိုးနေသည့် ကုက္ကိုကိုင်းများ ခုတ်ထွင်ရှင်းလင်း၍ ဘုန်းတော်ကြီး သုသာန်အတွင်း ခြုံနွယ်များ ရှင်းလင်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တပ်ပြင်ရပ်  အရာရှိရိပ်သာလမ်း၌  လမ်းမပေါ် အုံ့မိုးနေသည့် ကုက္ကိုကိုင်းများကို ခုတ်ထွင်ရှင်းလင်း၍  ဘုန်းတော်ကြီး သုသာန်အတွင်း၌ ခြုံနွယ်များ ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ဇမိမြစ်သဘာဝ‌ရေပြင်အတွင်း ငါးသား‌ပေါက်ကောင်ရေ တစ်သိန်းစိုက်ထည့်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်သဘာဝ‌ရေပြင်အတွင်း ငါးသား‌ပေါက်ကောင်ရေ တစ်သိန်း စိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက သံပုရာကျေးရွာဆိပ်ကမ်း၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင်သုံးပြုရန်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ် ရောက်ရှိ
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့်  မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။
ကျောက်ဆည်မြို့နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသားများ၏ စိုက်ပျိုးသီးနှံများ လေလွင့်ဆုံးရှူံးမှု မရှိစေရေးဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်   ကျောက်ဆည် မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းသားများ စိုက်ပျိုး ထားသော သီးနှံများ လေလွင့်ဆုံးရှူံးမှု မဖြစ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ အသင်းသားများ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် သီးနှံများကို ဝယ်ယူ၍ သမဝါယမ ဦးစီးဌာန ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသင်းသားပြည်သူများထံသက်သာသော ဈေးနှုန်းများဖြင့် တဆင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးထံမှ သတင်းရရှိ
ညောင်ဦးမြို့နယ်တွင်  မိုးသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန် မြေယာပြုပြင် ထွန်ယက်ခြင်းနှင့် စက်ပြုပြင်ခြင်းများ အခမဲ့ ဆောင်ရွက်ပေး 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေး မြေယာပြုပြင်ထွန်ယက်ရန် အခက်အခဲရှိ တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီး (၅)စီးဖြင့် ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ဖြိုးထံက သိရသည်။