ပုဂံမြို့ အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် သံဃာအပါး ၂၀၀၀ ခန့်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ ဆရာတော်၊ သံဃာတော်များနှင့် ကိုရင်သာမဏေ အပါး ၂၀၀၀ ခန့်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ 
မင်္ဂလာစျေးတည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဆိုင်ခန်းများစတင်ရောင်းချ
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာစျေး တည်ဆောက်ရေးလုပ်ငန်းကို Sun Myat Tun ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်လျက်ရှိရာ ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီး ဆိုင်ခန်းများကို အရစ်ကျ အတိုးမဲ့စနစ်ဖြင့် ရောင်းချလျက်ရှိရာ ၅၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးနေပြီဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၌ တတိယအကြီးဆုံးဖြစ်လာမည့် ကြေးသွန်းခေါင်းလောင်းကြီးအား မန္တလေးမြို့တွင် စတင်သွန်းလောင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေးမြို့၊ ၅၅ လမ်းနှင့် ၄၁ လမ်းထောင့်ရှိ အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

ရှားပါးအထောက်အထားများပြပွဲ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်နေ့ထိ ပြသ