မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ချောက်မြို့နယ် ထန်းခြောက်ပင်ကျေးရွာစက်ရေတွင်း တက်ရောက်ဖွင့်လှစ်ပေး
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သော စွယ်ပေါက္ကံကျေးရွာအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာ အဝီစိစက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၄ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။