ဒီးမော့ဆိုတွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အရှိန်အဟုန် မပျက် စစ်ဆေးဆောင်ရွက်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ် ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့မဈေးနှင့် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး ငွေတောင်ကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံ(ဒီးမော့ဆို) ကျောင်းရှေ့တို့၌ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရ






