မျိုးတုန်းရှားပါးလာသည့် ငါးမန်းငါးမျိုးစိတ်အား  ဈေးအတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မျိုးတုန်းရှားပါးလာသည့် ငါးမန်းငါးမျိုးစိတ်အား  ဈေးအတွင်း ရောင်းချခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ စည်ပင်သာယာဈေးအရှေ့တွင် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်ကို မေ (၂၇) ရက် နံနက် ၈ နာရီက စိုက်ထူခဲ့သည်။
လျှော်ဖြူအစေးထုတ်ကာလ ဖြစ်သော်လည်း အလုပ်သမားရှားပါးမှုကြောင့် အစေးထုတ်လုပ်နိုင်ခြင်းမရှိ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ လျှော်ဖြူစိုက် တောင်သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျွမ်းကျင်အလုပ်သမား ရှားပါးမှုကြောင့် အစေးထုတ်ရာသီရောက်သော်လည်း အစေးထုတ်လုပ်နိုင်ခြင်းမရှိကြောင်း မြို့နယ်အတွင်း လျှော်ဖြူစိုက်တောင်သူများထံမှ သိရသည်။
စစ်ကိုင်းမြို့တွင် အင်းရာသီနှစ်အတွက် ပထမအကြိမ်အင်းများနှင့် တင်ဒါငါးဖမ်းကွက်များဈေးပြိုင် လေလံတင် ရောင်းချ
စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ အင်းရာသီနှစ်အတွက် ပထမအကြိမ် အင်းများနှင့် တင်ဒါငါးဖမ်းကွက်များ ဈေးပြိုင်လေလံတင် ရောင်းချခြင်းကို ယနေ့ နံနက်ပိုင်းက ငါးလုပ်ငန်း သင်တန်းကျောင်း(စစ်ကိုင်း)၌ ပြုလုပ်ခဲ့
ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ပညာရေးနှင့် ဘဏ္ဍာရေး ဒုတိယ မြောက်ဝန်ကြီး Ms. Indranee Rajah အား Video Conferencing ဖြင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက် ၉  နာရီခွဲတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ် ရုံးဝန်ကြီး၊ ပညာရေးနှင့်ဘဏ္ဍာရေး ဒုတိယမြောက်ဝန်ကြီး Ms. Indranee Rajah အား နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် တွေ့ဆုံ
အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှု တိုးတက်စေရေး ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့်  စင်ကာပူသမ္မတနိုင်ငံ Infrastructure Asia (Infra Asia) တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံ ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual Signing ဖြင့် လက်မှတ် ရေးထိုးကြ
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းတံတားနှင့် ရေရရှိရေးလုပ်ငန်းများ (၆၀)ရာခိုင်နှုန်းကျော်ပြီးစီး
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသော ကုန်ထုတ်လမ်း/တံတား၊ ရေရှိရေးနှင့် ကျေးလက် မီးလင်းရေးလုပ်ငန်းများ (၆၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးထံမှ သိရ
ရေတွင်းများ၌ မတော်တဆမှုများဖြစ်ပေါ်ပါက အချိန်မီ ကယ်ဆယ်နိုင်ရေး သာစည်မြို့နယ် မီးသတ်ဦးစီး ဌာနမှ ဇာတ်တိုက်လေ့ကျင့်
မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများရေတွင်းများ၌ မတော်တဆမှု ဖြစ်ပေါ်လာပါက  အချိန်မီကယ်ဆယ်နိုင်ရေးအတွက်  ရေတွင်းရှာဖွေကယ်ဆယ်ရေး   လေ့ကျင့်ဆောင်ရွက်ခြင်းကို  မေ ၂၇ ရက်နံနက် ၈ နာရီက  အမှတ်(၁)ရပ်ကွက်ရှိ  ရေတွင်းဟောင်း တစ်ခု၌ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရ