ရေဦးမြို့နယ်ရှိ စက်ရုံအလုပ်ရုံနှင့် ဟိုတယ်များ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိမရှိ‌ ရှောင်တခင်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် နှင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ဟိုတယ်လုပ်ငန်း များတွင် ညွှန်ကြားချက်များနှင့်အညီ စီစဉ်ထားရှိမှု ရှိ မရှိကို ရှောင်တခင် စစ်ဆေးခဲ့သည်။
လှိုင်သာယာမြို့နယ်၌ လူမှုဖူလုံရေး ကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းထုတ်ပေး 
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲ (လှိုင်သာယာ)တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် MYANMAR Full Win Co.,Ltdမှ အာမခံ အလုပ်သမား (၅၀၀)အား ၂၀၁၂ ခုနှစ် လူမှုလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေး ကူညီထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ယနေ့ မွန်းလွဲ ၁ နာရီက စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့သို့ ရောက်ရှိနေသော ချင်းပြည်နယ် ပလက်ဝမြို့မှ စစ်ဘေးရှောင်များအတွက် ဧရာဝတီဖောင်ဒေးရှင်းက ထောက်ပံ့ကူညီ
ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်သို့ ရောက်ရှိနေသော ချင်းပြည်နယ် ပလက်ဝမြို့မှ စစ်ဘေးရှောင်မိသားစုများကို ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သည်။
လယ်မြေများတွင် မြေဆီလွှာအချဉ်ဓာတ် မရှိစေရန် ထုံးမှုန့်ထည့်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ လယ်ယာမြေများ၌ မြေဆီလွှာအချဉ်ဓာတ် မရှိစေရန်၊ အပင်အတွက် လိုအပ်သည့် အာဟာရဓာတ် ပိုမိုရရှိစေရန်အတွက် ထုံးထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်သူ ဦးစံသိန်း၊ ဦးအောင်သိန်းနှင့် ဦးသက်လွင်ဦး ပိုင်ဆိုင်သည့် လယ် (၁၀)ဧကတွင် ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ် ရွှေရင်အေးမျိုးစေ့ထုတ် သမဝါယမအသင်းမှ မျိုးစပါးများဖြန့်ဖြူးပေးလျက်ရှိ
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ရွှေရင်အေးမျိုးစေ့ထုတ် သမဝါယမအသင်းမှ မျိုးစပါးများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်ရှိ ကုန်ထုတ်သမဝါယမအသင်းများမှ One Village One Product ထုတ်လုပ်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ခွင့်သာကျေးရွာရှိ အောင်ကျော်သူ ကုန်ထုတ်သမဝါယမ အသင်းနှင့် သံလျက်ကိုင်းကျေးရွာရှိ တိုးတက်အောင် လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းတို့သည် ရွာတစ်ရွာ ထုတ်ကုန်တစ်မယ် One Village One Product အစီအစဉ် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။