ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များ၌ ဘိန်းစိုက်ခင်း ၁၄ ဧကခန့် ဖျက်ဆီး
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက်တွင် တုတ်ဆောက်ကျေးရွာ၏ အရှေ့ဘက် ၂မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား ဖျက်ဆီးခဲ့သည်။