ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာ စက်ရေတွင်းတူးဖော်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ ညနေ ၄ နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာသို့ သွားရောက်၍ တံခါးကြီးကျေးရွာ စက်ရေတွင်း တူးဖော် ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။