ICJ ၏ ကြားဖြတ် စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို မြန်မာ့အသံ (ရေဒီယို) နှင့် မြန်မာ့ရုပ်မြင်သံကြား (MRTV) တို့မှ ထပ်မံထုတ်လွှင့်မည်

ICJ တွင် ကြားဖြတ်စီမံ ဆောင်ရွက်ချက်ချမှတ်ခြင်းနှင့် စပ်လျဉ်း၍ တက်ရောက်ခဲ့ကြသည့်  မြန်မာကိုယ်စားလှယ် အဖွဲ့၏ ပူးတွဲကိုယ်စားလှယ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
လယ်ဧက(၁၅၀)အား အကျိုးပြုမည့် မလိုမြောင်းအား ကိုယ်ထူကိုယ်ထ တူးဖော်လျက်ရှိ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာ ကွင်းအမှတ်(၂၇၂၉) ချောင်းနက်အရှေ့ကွင်းရှိ  လယ်ဧက (၁၅၀)အား အကျိုးပြုမည့် မလိုမြောင်းအား စက်ယန္တရားများ အသုံးပြု၍ မေ ၁၆ ရက်မှစတင်ကာ ကိုယ်ထူကိုယ်ထ တူးဖော်လျက်ရှိကြောင်း သိရသည်။
Hotel Guest List Management System စနစ် အသုံးပြုနိုင်ရေး ပထမအကြိမ် သင်တန်းဖွင့်လှစ်
ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်သည့် Hotel Guest List Management System စနစ် အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ မေ ၂၁ ၇က်နေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်းလေးကန် ရေဝေ‌ရေလဲဒေသ တောင်ကတုံးများတွင် သစ်စေ့မြေလုံး(Seed Ball) များ ဆူးထိုးစိုက်ပျိုး
အင်းလေးကန် ရေရှည်တည်တံ့ ထိန်းသိမ်းရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသအတွင်း သစ်ပင် ပေါက်ရောက်မှုမရှိသော တောင်ကတုံးများတွင် သစ်စေ့မြေလုံး (Seed Ball)များ ဆူးထိုးစိုက်ပျိုးခြင်းကို အင်းလေးအရှေ့ သစ်တောကြိုးဝိုင်းအတွင်းရှိ ရန်အောင်မြင်တောင်ကုန်းတွင် စိုက်ပျိုးဆောင်ရွက်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ် မျိုးစေ့ထုတ်သမဝါယမအသင်းက အသင်းသားများသို့ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ
သမဝါယမအသင်းများအပြင် အခြားတောင်သူလယ်သမားများမှ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဝယ်ယူလိုပါက မြို့နယ်သမဝါယမအသင်းစုထံသို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်း ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့မှ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ် 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကြက်ဆောင်ရွက်ပေးလျက်ရှိသည်။
စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၅ ဦးအား ပဉ္စမအသုတ်အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။