ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့်အခြား သီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေစေရန်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)ခုတို့ဖြင့် စိုက်ပျိုးရေပေးဝေ နိုင်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတတိယအပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။