လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးအတွင်းအသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေး
ဘဝငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဒမ္ဓဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ) ဦးဆောင်သော လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့၊ တပည့်ဒါယိကာ များက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်း လာရောက်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရ








