တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စင်တာဖွင့်လှစ်ခဲ့သည့် အခြေခံပညာကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသူ၊ကျောင်းသား၊မိဘဆရာများ စိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် တောင်ကြီးမြို့ စေတနာ့ဝန်ထမ်း လူငယ်များအဖွဲ့ မှ စောင့်ကြည့် စင်တာ ဖွင့်လှစ်ခဲ့သည့် မြို့နယ်တွင်းအခြေခံပညာကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို တောင်ကြီးမြို့ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့က ကား ၅ စီး၊ ပိုးသတ်ဆေးဖြန်းစက် ၆ လုံးဖြင့်မေ လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း ယင်းအဖွဲ့မှ သိရ
ကုန်းဆာ(တောင်)ကျေးရွာရှိ လေဘေးသင့်နေအိမ် ၄၅ လုံးအတွက် ထောက်ပံ့ငွေ များပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မေလ ၁၈ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဝမ်နောင်ကျေးရွာအုပ်စု ကုန်းဆာ(တောင်)ကျေးရွာရှိ နေအိမ်များ အတွက် လွိုင်လင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေများကို မေလ ၂၁ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံ ဆောက်လုပ်ရန် မြေနေရာရွေးချယ်ထားမှုအား ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊  လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂၀ ရက် ၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့သို့ ရောက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် နေရေးထိုင်ရေး အဆင်ပြေစေရန် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံ ဆောက်လုပ်ပေးနိုင်ရေး မြေနေရာရွေးချယ်ထားမှုအခြေအနေအား လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ
ပန်းတနော်မြို့ ဆေးရုံအခြေပြုဌာနတွင်  ပုံမှန်ကလေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအခြေပြု ဌာနတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် (၂)လအကြာ ဆောင်ရွက်ခြင်းမပြုလုပ်နိုင်ခဲ့သည့် ပုံမှန်ကလေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မေ ၁၉ ရက် နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျှက်ရှိကြောင်း သိရှိရ
ပင်လောင်းမြို့နယ်အတွင်းရှိ ရေရှားပါးသည့်ကျေးရွာ (၂)ရွာအတွက် ရေဂါလန်ပေါင်း(၂၀၄၀ဝ)လှူဒါန်း
နွေရာသီတွင် ရေရှားပါးသည့်ကျေးရွာများ၌ သောက်သုံးရေဖူလုံရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် လွယ်တက်ကျေးရွာနှင့် စင်းစုတ်ကျေးရွာများသို့ သောက်သုံးရေ ဂါလန်ပေါင်း (၂၀၄၀ဝ)ကို ယနေ့ နံနက် ၈ နာရီက သွားရောက်လှူဒါန်း
ဓနုဖြူမြို့တွင် နှာခေါင်းစည်း(mask) မတပ်ဆင်ဘဲ အပြင်သို့ သွားလာသူများအား အရေးယူဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (mask) မတပ်ဆင်ဘဲ သွားလာကြသူများအား မေလ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ
ထီးချိုင့်မြို့နယ်အတွင်း ဆေးရုံအခြေပြုကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ဆေးရုံအခြေပြုကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ