မန္တလေးဈေးချိုတော်၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများ မေလ ၂၂ ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ယာယီပိတ်ထားခဲ့သည့် မန္တလေးမြို့ ဈေးချိုတော်၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများရှိ ဈေးရုံများအားလုံးကို မေ ၂၂ ရက်မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကာ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။







