လွိုင်လင်မြို့နယ် မိုင်းပွန်-လုံအောင် - နောင်ယာဆိုင်း-ဟိုတင့်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်း လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် မိုင်းပွန်-လုံအောင် -နောင်ယာဆိုင်း-ဟိုတင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်းခွင့်သို့ ယနေ့နံနက် ၁၀ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  ဒုတိယ ညွှန်ကြားရေးမှူး  ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကုက္ကဲကျေးရွာတွင် သုံးရေရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကုက္ကဲကျေးရွာတွင် သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများကို ယနေ့ မွန်းတည့် ၁၂ နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ  ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်အတွင်းရှိ ပြည်သူလူထု များထံ ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေပေးလျက်ရှိသည်။
ကမ္မတောကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
ရေစကြိုမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် လူငယ်လုပ်ငန်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြေဖြူကျင်းကျေးရွာအုပ်စု၊ ကမ္မတောကျေးရွာသို့ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း  
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ရှိ ရွှေကျောင်းတော်ကြီး၌ ယနေ့ နံနက် ၉ နာရီတွင် လယ်ဝေးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းခွင်အတွင်း Online စနစ်ဖြင့် ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို Online စနစ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။  
၆၆ ကေဗွီ လဲချား-မိုင်းကိုင် ဓာတ်အားလိုင်း ပြုပြင်မည်ဖြစ်၍ ဓာတ်အားပေးခြင်း ခေတ္တဖြတ်ထားမည်
မေ  ၂၀ ရက်က  လဲချားမြို့အထွက် ဝမ်ကန်ရွာအနီးတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့်  ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းသို့  ဓာတ်အားပေးထားသော  ၆၆ ကေဗွီ (လဲချား-မိုင်းကိုင်) မဟာဓာတ်အားလိုင်းပေါ်သို့  ထင်းရှူးပင်လဲကျပြီး  တိုက်အမှတ် - ၂၁၆ ဓာတ်တိုင် ဦးပိုင်း ကျိုးသွားခဲ့ရာ  မြို့နယ်လျှပ်စစ်မှူးနှင့် ဝန်ထမ်းများက မီးပြတ်လပ်မှုမရှိစေရေး  ယာယီဆောင်ရွက်ပေးခဲ့ရသည်။