လွိုင်ကော်မြို့ နောင်ယားကန်နှင့် ထေးငှားလျား ရေကန်တို့တွင် ငါးသားပေါက်ကောင်ရေ (၄)သောင်း စိုက်ထည့်
လွိုင်ကော်မြို့ နောင်ယားကန်နှင့် ထေးငှားလျား ရေကန်တို့တွင် ငါးသားပေါက်ကောင်ရေ (၄)သောင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က စိုက်ထည့်ပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ၍ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လိုင်းများအား မေ ၁၆  ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လိုင်းများအား မေ ၁၆  ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အမျိုးသားလွှတ်တော်ရုံး Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် Auto Disinfection Passage System ဖြင့် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ ပေးအပ်လှူဒါန်းပွဲ တက်ရောက်
အမျိုးသားလွှတ်တော်ရုံးတွင် အသုံးပြုရန်အတွက် Coronavirus Disease 2019 (Covid-19) ကာကွယ်ရေး အထောက်အကူပြုပစ္စည်း Auto Disinfection Passage System ဖြင့် အလိုအလျောက် ဆေးဖျန်းပေးသည့်စက်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ ကျင်းပသည်။
မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ  သရက်ချောင်းမြို့နယ်၌ စတင်ထုတ်ချေး
၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ပေးလျက်ရှိသည်။
ဒလမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို စတင် စစ်ဆေးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း၌  တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ မော်တော်ယာဉ်များဖြင့် သွားလာကြသော ခရီးသည်များနှင့်  ဒေသခံ ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး မြို့လယ်ခေါင် နာရီစင်အဝိုင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။