COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နေသော ကာလအတွင်း လျှပ်စစ်ဓာတ်အားခ (၁၅၀)ယူနစ် ကင်းလွတ်ခွင့်ပေးမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ  

Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်နေသော ကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀)ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့) ကင်းလွတ်ခွင့်ပေးမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၌ ယနေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်(လျှပ်စစ်) ဦးစိုးမြင့်က ရှင်းလင်းပြောကြားသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းသည်။
တာချီလိတ်မြို့တွင် တတိယအကြိမ်မြောက် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း ဒုတိယနေ့ ဆက်လက်ထိုးနှံ
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ်မြောက် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ဒုတိယ မြောက်နေ့အဖြစ်  ယနေ့ နံနက်ပိုင်းမှ စတင်၍ ညနေ (၄)နာရီအထိ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းကို တာဝန်ရှိသူများ သွားရောက်ကူညီ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွား သည့် စာသင်ကျောင်းကို တာဝန်ရှိသူများ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် ချောင်းကျိုးကျေးရွာမှ ကျောင်းသား ကျောင်းသူများအား စက်ဘီး (၂၂) စီး ထောက်ပံ့ပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေး ခန်းမဆောင်တွင်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ချောင်းကျိုးကျေးရွာမှ ကျောင်းသားကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက စက်ဘီး (၂၂) စီးထောက်ပံ့ ပေးအပ်ခဲ့သည်။
ဒေါလျားခူကျေးရွာ၌ လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါလျားခူကျေးရွာတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်မှ မိသားစုဝင်များအား ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ထောက်ပံ့ငွေ ၁၀၀၅၀၀ ကျပ် ပေးအပ်ခဲ့သည်။