နာနတ်တော - ဘုရင့်နောင် လေးလမ်းဆုံ လူကူးခုံးကျော်တံတား လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင် အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် မြို့ပြအင်္ဂါနှင့်အညီ လှပခေတ်မီစေရန် လူကူးခုံးကျော်တံတားများကို နိုင်ငံတော်မှ တည်ဆောက်လျက်ရှိရာ ကမာရွတ်မြို့နယ်၊ ကမာရွတ်ရဲစခန်း လမ်းဆုံဖြစ်သော နာနတ်တော-ဘုရင့်နောင် လေးလမ်းဆုံ မီးပွိုင့်တွင် လူကူးခုံးကျော်တံတား တည်ဆောက်လျက်ရှိပြီး (၉၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ကျင်းပခဲ့သော အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတွင် သုံးရက်တာကာလအတွင်း ကျပ်သိန်းခြောက်ရာကျော် ရောင်းချနိုင်ခဲ့
မန္တလေးမြို့၊ မင်္ဂလာမန္တလေးတွင် ဒီဇင်ဘာ ၂၀ ရက် မှ ၂၂ ရက်ထိ ကျင်းပခဲ့သော အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း(၁၀)မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနှင့်