ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် ၇ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်သည်။