တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် နဝကမ္မအလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ နဝကမ္မ အလှူတော်ငွေများနှင့် သီတဂူရေအလှူတော်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် စိန်ပန်းကန်အုပ်စု ဖက်ခူးကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။