ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရှိ သီရိမင်္ဂလာဈေးသစ်အတွင်း ပျံကျ ဈေးသည်များ၊ ခေါင်ရွက်ဗျပ်ထိုး၊ အလုပ်ကြမ်း/ ကုန်ထမ်းလုပ်သား ၅၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် ညီညွတ်ရေးလမ်း၌ အခြေပြုလျက် ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့မှ တစ်ဦးလျှင်ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်ထုပ်၊ အချိုမှုန့် စသည့် တန်ဖိုးကျပ် ၄၀၀၀ နီးပါးခန့်ရှိ မီးဖိုချောင်သုံးရိက္ခာများ ထောက်ပံ့ဝေငှခဲ့ကြောင်း သိရသည်။