ကမ္ဘာ့ကြက်ခြေနီအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ မြစ်ကြီးနားမြို့၌ကျင်းပ
ကချင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှဦးဆောင်မှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေ(၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၌ကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်လူမှုရေးဝန်ကြီးဦးနေဝင်း တက်ရောက်အားပေးခဲ့








