ဖာပွန်မြို့တွင် သောက်သုံးရေအခက်အခဲရှိသော နေရာများသို့ ရေသွားရောက်လှူဒါန်း
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိသော နေရာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က မဲသလွတ်ကျေးရွာ၌ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ
မြိတ်မြို့  အသွားအလာများသည့် နေရာ(၄)နေရာတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာ သူများအား သွားလာခွင့်မပြု  
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မြိတ်မြို့ရှိ ပြည်သူလူထုအားလုံး အပြင်ထွက်ပါက နှာခေါင်း စည်းတပ်ဆင်သွားလာကြစေရန်အတွက် မေလ(၉)ရက် နံနက်ပိုင်း၌ အသွားအလာများသည့် နေရာ (၄)နေရာတွင် နှာခေါင်းစည်း မတပ်ဆင်ထားသူများကို စစ်ဆေးရေးအဖွဲ့များက သွားလာခွင့်မပြုဘဲ ပညာပေး၍ လှည့်ပြန်စေ ကာ နှာခေါင်းစည်း ပြန်လှည့်၍ တပ်ဆင်စေလျက်ရှိ
မွန်ပြည်နယ်အတွင်းရှိဈေးများတွင် နှာခေါင်းစည်း(Mask) မတပ်ပါက ဒဏ်ငွေပေးဆောင်ရမည်
မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် မေ ၉ ရက်နံနက်မှစ၍ နှာခေါင်းစည်း (Mask)   မတပ်ဘဲဈေး ရောင်း ဈေးဝယ် ပြုလုပ်ပါက ဒဏ်ငွေ  (၁၀ဝ၀ဝ) ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့်၊ ပြည်သူများအား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ဈေးရောင်းဈေးဝယ်ကြရာတွင် mask မတပ်ထားလျှင် ဈေးအတွင်းသို့ ဝင်ထွက်သွားလာခွင့် မပြုကြောင်း သိရ
ထန်းတပင်မြို့နယ်၌ တောင်သူ ၁၅၀ အား ဆင်းသုခနှင့်ဧရာမင်း မျိုးကောင်းမျိုးသန့် စပါးမျိုးများ အား ဖြန့်ဝေပေးသွားမည်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါးသီးနှံများကို တောင်သူ များစိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သည့် သီးနှံများအထွက်တိုးရေး၊ သီးနှံဝင်ငွေတိုးပွား လာစေရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်  မှော်ဘီဗဟိုခြံ မှ ရရှိလာသည့် မှတ်ပုံတင် မျိုးကောင်းမျိုးသန့်ဖြစ်သည့် ဆင်းသုခ(၄၉၈)တင်းနှင့်ဧရာမင်း(၂၂၅)တင်း စပါးမျိုးစေ့များကို ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ တောင်သူ(၁၅၀)တို့လက်ဝယ်အရောက် ဖြန့်ဝေဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရ
အတည်ပြုပိုးတွေ့လူနာ Case-150  တည်းခိုသည့် အခန်း၌ တည်းခိုမိသည့် မြောင်းမြသားတစ်ဦး ဆေးစစ်မှုအရ ပိုးမတွေ့ကြောင်းသိရ
Case 150 တည်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့မှ တည်းခိုခန်းတစ်ခု၏ အခန်းတစ်ခု၌  ထပ်မံတည်းခို မိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့ ဒေသခံအမျိုးသားတစ်ဦးသည်  Case 150 နဲ့ (close contact )ထိတွေ့မိသူ စာရင်းဝင်သွားသည့်အတွက် မြို့နယ်အတွင်း၌ ရှာဖွေခေါ်ယူပြီး စွမ်းအားတောရ  Facility Quarantine တွင် စောင့်ရှောက်ထားရှိကာ တို့ဖတ်နမူနာများရယူ၍ အမျိုးသား ဓါတ်ခွဲဌာန NHL သို့ပို့ဆောင်ပေးထားရာ ယမန်နေ့နံနက်က ပိုးမတွေ့ရှိရ (Negative) ဖြစ်ကြောင်း သိရ
ဟိုပုံးမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် (Abate)အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် (Abate) အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မေလ(၉)ရက် နံနက်(၇)နာရီမှစတင်၍ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရ