ညောင်ဦးမြို့တွင်  လူထုကျန်းမာရေး စောင့်ရှောက်မှုအဖြစ် နှာခေါင်းစည်း(Mask) ခုရေ ၅၀ဝ၀ အခမဲ့ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် လူထု ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ခရိုင်လူငယ်ရေးရာကော်မတီက နှာခေါင်းစည်း(Mask) ခုရေ  ၅၀ဝ၀ အား ယမန်နေ့ ညနေ ၄ နာရီမှ စတင်၍ ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့၊ ကျောက်ပန်းတောင်း မြို့နှင့် ငါ့သရောက်မြို့များရှိ ပြည်သူများနှင့် မြို့နယ်အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် ဦးစီးဌာနဝန်ထမ်းများအတွက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့ မြို့တော်ခန်းမတွင်ဖွင့်လှစ်ထားရှိသည့်   ဖျားနာရောဂါကု ဆေးခန်းသို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသိန်းသည် ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးမြို့ မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားရှိသော COMMUNITY FEVER CLINIC, BAGO ဖျားနာရောဂါကုဆေးခန်းသို့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ
ဝါးခယ်မမြို့နယ်ရှိ ပညာရေး ဝန်ထမ်း ၃၀၀၀ ကျော်အား စားသောက်ကုန်များ ထောက်ပံ့ပေး

ကံမမြို့နယ်တွင် မြစ်‌ချောင်းအင်းအိုင်များနှင့် အလှမ်းကွာဝေးသည့် ရေရှားပါးသော သစ်မယ်ဇီကျေးရွာမှ ပြည်သူများအတွက် သောက်သုံးရေများလှူဒါန်း
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် မြစ်‌ချောင်းအင်းအိုင်များနှင့် အလှမ်းကွာဝေးပြီး မြေအောက်ရေ တူးဖော်ရန်ခက်ခဲသည့်  ရေရှားပါးသော ကျေးရွာများအနက် သစ်မယ်ဇီ ကျေးရွာမှ ပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်များ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ သောက်သုံးရေ  ဂါလန် ၃၄၀ဝ အား ယမန်နေ့ ညနေက အဆိုပါကျေးရွာသို့ သွားရောက် လှူဒါန်းခဲ့ကြ
 (ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်  Ventilator လာရောက်လှူဒါန်း
ရှမ်းပြည်နယ်အတွင်း (ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ Ngwe Yi Pa Le ကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၃၀ဝ)တန်ဖိုးရှိ Ventilator (၁၀)လုံး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရ
ကော့သောင်းခရိုင်အတွင်း တားမြစ်ငါးဖမ်းကွက်ဧရိယာအတွင်း ရှိကျွန်းများတွင်နေထိုင်သည့် ပြည်သူများ၏ ကမ်းနီးငါးဖမ်းလှေငယ်များ စာရင်းကောက်ယူမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုဂံမြို့ ရွှေပိုးအိမ်ဟိုတယ်၌ Quarantine ထားရှိသူ (၁၀) ဦးအား သတ်မှတ်ရက်ပြည့်ပြီးဖြစ်သဖြင့် နေရပ်များသို့ ပြန်လည်ပို့ဆောင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူလူနာနှင့် ထိတွေ့သူ(၁၀)အား ပုဂံမြို့ ရွှေပိုးအိမ်ဟိုတယ်တွင် အသွားအလာစောင့်ကြည့်သူများအဖြစ် ထားရှိ လျက် ရှိရာ ယခုအခါ သတ်မှတ်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရ