ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင်ပြည်သူများပူးပေါင်းကာ ပြန်လည်အသုံးပြုနိုင်သည့် အရည်အသွေးမီ နှာခေါင်းစည်းများ ချုပ်လုပ်လှူဒါန်း
ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်က်ိုယ်စားလှယ်များနှင့် စေတနာရှင်ပြည်သူများပူးပေါင်းကာ ပြန်လည်အသုံးပြုနိုင်သည့် အရည်အသွေးမီ နှာခေါင်းစည်းများကို ချုပ်လုပ်လှူဒါန်းလျက်ရှိကြောင်း လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ထံမှသိရသည်။







