ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် မြန်မာနိုင်ငံဆိုင်ရာ  နော်ဝေနိုင်ငံ သံအမတ်ကြီး  မစ္စစ် တူနယ် တီးနပ်(စ်) နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စတာ သောမက်စ်ကာလ်နိုင်ဇင်ကာ အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
၂၀၂၀ ပြည့်နှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ညီလာခံ တက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Feria de Madrid ၌ ချီလီနိုင်ငံနှင့် စပိန်နိုင်ငံအစိုးရတို့ ပူးပေါင်း ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅)ကြိမ်မြောက် ညီလာခံသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော်  တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ လမ်းအပိုင်းနှင့် ကျိုင်းတုံမြို့ရှောင်လမ်းတို့ကို ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ- တောင်ကြီး -ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ နယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ နယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ PPP, Procurement, Project Finance and General Requirement ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။