ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ ရန်ကုန်မြစ်တွင်း၌ စက်တပ်သမ္ဗန် အစီးရေ ၁၀ဝ ကျော်ခန့်ဖြင့် ခရီးသည်များကို ပြေးဆွဲ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ကူးသန်းသွားလာကြရာတွင် မြစ်တွင်းသွား စက်တပ်သမ္ဗန်များဖြင့် ခရီးသည်များစွာကို ကူးတို့ပို့ဆောင်ပေးလျက်ရှိရာ လက်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် အစီးရေ ၁၀ဝ ကျော်ခန့်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်းက ယနေ့ နံနက်က ပြောကြားခဲ့








