မန္တလေးစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားမှုများအား စစ်ဆေးမှုများ ပြုလုပ်
မန္တလေးစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်နိုင်ရန်အတွက် ဧပြီလ၂၆ ရက်နေ့က စတင်၍စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ
ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အကာအကွယ်ဝတ်စုံ (PPE ) ဝတ်ဆင်မှု သရုပ်ပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူများအား ကြုံတွေ့ လာပါက ကိုင်တွယ်ကုသရာတွင် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ အကာအကွယ် ဝတ်စုံ (PPE ) စနစ်တကျဝတ်ဆင်မှု သရုပ်ပြမှုကို ဧပြီလ (၂၈)ရက် က အနော်ရထာ ခန်းမတွင် ပြုလုပ်
ထန်းတပင်မြို့နယ်၌ ခရီးသွားပြည်သူသွားလာမှု နည်းပါးလာ၍ ယာဉ်အစီးအရေပြေးဆွဲမှုများ လျော့နည်းလာ

မိုင်းပန်မြို့နယ် ယာယီ(ပျံကျ)ဈေးအတွင်းရှိ ဈေးသည်များအား Face Shield များ လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက်(၆) နာရီခန့်က မြို့နယ် ပန်းခြံအတွင်းရှိ ယာယီ(ပျံကျ)ဈေးအတွင်းတွင် ဈေးရောင်းချနေသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးတစ်ခုအနေဖြင့် မိုင်းပန်မြို့နယ် စေတနာ့ ဝန်ထမ်း (Volunteer)များမှ ၎င်းတို့ ကိုယ်တိုင်ပြုလုပ်ထားသော Face Shield အခု (၅ဝ) အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရ
ငဖဲမြို့နယ်တွင် မန်းချောင်းရေကာတာလုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

တီးတိန်ပြည်သူ့ဆေးရုံသို့ နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ ဆေးနှင့်အထောက်အကူပြုပစ္စည်းများ ပံ့ပိုးလှူဒါန်းလျက်ရှိ
ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးတွင် အသုံးပြုရန် နိုင်ငံတော်နှင့် စေတနာရှင်ပြည်သူများက ဆေးနှင့် အထောက်အကူပြုပစ္စည်းများ ပေးပို့ထောက်ပံ့ လှူဒါန်းလျက်ရှိကြောင်း သိရ