မြင်းခြံ - ညောင်ဦး - မိတ္ထီလာ လမ်းဆုံနေရာအား မီးပွိုင့်ထားရှိရန်အတွက် ကွင်းဆင်းစစ်ဆေး
ယနေ့နံနက် ၁၀ နာရီက  မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယာဉ်အသွားအလာဆုံသည့် မြင်းခြံ - ညောင်ဦး - မိတ္ထီလာ လမ်းဆုံနေရာအား မီးပွိုင့်ထားရှိရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်လောင်မြို့နယ်၌ အာလူးစိုက်ပျိုးတောင်သူများအား သဘာဝမြေဩဇာနှင့် သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အာလူးသီးနှံ GAP ဧက(၁၀၀၀)အတွက် အာလူးစိုက်ပျိုးတောင်သူများအား သဘာဝမြေဩဇာနှင့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ထာမော့ကျေးရွာ အာလူးစံပြစိုက်ကွင်း၌ ပြုလုပ်ခဲ့သည်။ 
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ IDP စခန်းများတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-150 နှင့် ထိစပ်ခဲ့သူများအားလုံးကို ဟားခါးကောလိပ်နှင့် ထန်တလန်မြို့ နတလ သင်တန်းကျောင်းတို့တွင် Facility Quarantine ထားရှိမည် 
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁၅/၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-150 နှင့် ထိစပ်ခဲ့သူများအားလုံးကို စုံစမ်းလျက်ရှိပြီး ဟားခါးကောလိပ်နှင့် ထန်တလန်မြို့ နတလ သင်တန်းကျောင်းတို့တွင် Facility Quarantine ထားရှိသွားမည်ဖြစ်ကြောင်း ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် အရ သိရသည်။
Forever Friends လူငယ်ပရဟိတအသင်းမှ အခမဲ့ အိမ်အရောက်ဝန်ဆောင်မှုဖြင့် မီတာခ ဆောင်ပေးခြင်းနှင့် ဈေးဝယ်ခြင်းများပြုလုပ်ပေး
မြင်းခြံမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း အိမ်အပြင်မထွက်စေရန် အတွက် Forever Friends လူငယ်ပရဟိတ အသင်းမှ အခမဲ့အိမ်အရောက် ဝန်ဆောင်မှုဖြင့် မီတာခဆောင်ပေးခြင်းနှင့် ဈေးဝယ်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ညောင်တုန်းမြို့  မြို့နယ်ဘောလုံးအားကစားကွင်း၌ ယာယီပျံကျဈေးဖွင့်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့  မြို့နယ်ဘောလုံးအားကစားကွင်း၌ ယာယီပျံကျဈေးကို ယနေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့သည်။