လုံးရောဂါလူနာများအား အရည်အသွေးပြည့်မီသော နှလုံးကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် နောက်ဆုံးပေါ်ခေတ်မီကုထုံးနည်းပညာများနှင့် ပေါင်းစပ်၍ နိုင်ငံတကာ စံချိန်မီနှလုံးအထူးကုစင်တာဖြစ်စေရန် ရည်ရွယ်၍ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ နှလုံးအထူးကုဌာန (၈)ထပ် တိုးချဲ့အဆောင်သစ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ဆုံးအပတ် က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။