ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများ ကြိုတင်ညှိနှိုင်း ဆွေးနွေး

ရွှေကူမြို့၌ PPE ဝတ်စုံ၊ လက်သန့်ဆေးရေဆပ်ပြာနှင့် အလှူငွေများပေးအပ်လှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် PPE ဝတ်စုံ၊ လက်သန့်ဆေးရေဆပ်ပြာနှင့် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းစည်းဝေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 
ပြည်ကြီးတံခွန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းပုံးများနှင့် Mask များလှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းပုံးများနှင့် Mask များ လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ဘောလခဲခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားသည့် ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များအတွက် တစ်လစာ ကျန်းမာရေးသုံးပစ္စည်းနှင့် ရေသန့်များထောက်ပံ့ပေးအပ်
ကယားပြည်နယ် ဘောလခဲခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားသည့် ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များအတွက် တစ်လစာ ကျန်းမာရေးသုံးပစ္စည်းများနှင့် ရေသန့်များကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့် အဖွဲ့နှင့်  Video Conferencing ဖြင့် ဆွေးနွေး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001  မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator , Mr. Geert De Bruycker နှင့်အဖွဲ့အား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ဆွေးနွေးသည်။