ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီခွဲတွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလ ုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် GRAND ROYAL Group International Co.,Ltd မှ ဦးမင်းရှိန် နှင့်အဖွဲ့က လက်သန့်ဆေးရည် (Hand Sanitizer) 500ml (၉၅၀) ဘူးအား လာရောက်လှူဒါန်းရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။