တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေမှ ဒေသဖွံ့ဖြိုးရေး(ပထမအကြိမ်) ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေမှ (ပထမအကြိမ်) ငွေများထုတ်ပေးခြင်း အခမ်းအနားကို ဧပြီလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ကု သ ရေးလုပ်ငန်းအနေဖြင့် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရမည့်အချက်များနှင့် ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းအနေဖြင့် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင်  ဆောင်ရွက်ခဲ့ကြ
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်
ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019   (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းကို မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် လုပ်ဆောင်ခဲ့
လေရှီးမြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် လုပ်ဆောင် လျက်ရှိ
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ရောက်ရှိပြန့်ပွား ကူးစက်မှုမရှိစေရေး နာဂဒေသ လေရှီးမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းကော်မတီဖွဲ့၍ စောင့်ကြည့်စစ်ဆေးလျက်ရှိ
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခန္တီးမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အချုပ်ခန်းတို့တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြင့်   ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေက ခန္တီးလေဆိပ်၊ ခရိုင်အထွေထွေအစည်းဝေးခန်းမ၊ ပြည်သူ့ဝန်     ဆောင်မှုရုံး၊ အချုပ်ခန်း၊ ခရိုင်၊ မြို့နယ်တရားရုံး၊ လူအဝင်အထွက်များသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းနှင့် လူထုအခြေပြုဌာနခန်းမတို့တွင် ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့
ဂန့်ဂေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ကိုယ်ရေသုံး ပစ္စည်းများလှူဒါန်း
(ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဂန့်ဂေါမြို့နယ်လုပ်ငန်းကော်မတီသို့ ပြည်ပမှ ပြန်လာသူများ၊ (Facility Quarantine) အသွားအလာ ကန့်သတ်ထားသူများ အသုံးပြုရန် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ လူတစ်ဦး တစ်ကိုယ်ရေသုံးပစ္စည်းများ ၁၀ ဦးစာအား မတ် ၃၁ ရက်က ပေးအပ်လှူဒါန်း
ကိုဗစ်-၁၉ ကိစ္စရပ်များဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် သဲကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လှူဒါန်းငွေများပေးအပ်
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုရောဂါ ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမ မိသားစုမှ မတ်လ(၃၁)ရက် မွန်းလွဲပိုင်းက ကျန်းမာရေး ဦးစီးဌာနသို့ ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရ