စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်(၆)ခု၌ ဂျုံသီးနှံ ဧက ၇၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၆)ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဂျုံသီးနှံကို ဒီဇင်ဘာလ တတိယပတ် အကုန်အထိ ၇၁၇၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။







