လပွတ္တာ(ပင်လယ်လေး) မြစ်ကူးတံတားအား မကြာမီ ဖွင့်လှစ်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နှင့် မြောင်းမြမြို့ကြား ပင်လယ်လေးမြစ်ကိုဖြတ်၍ ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည့် ပင်လယ်လေးမြစ်ကူးတံတားအား တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍
ခန္တီးမြို့၌ စာရေးဆရာ အောင်သင်း၏ “ကိုယ်ကျင့်နှင့် ပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် 
စာရေးဆရာ အောင်သင်း၏ “ကိုယ်ကျင့်နှင့် ပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးမှ ပခုက္ကူအကျဉ်းထောင်ရှိ အကျဉ်းသူ/အကျဉ်းသားများ၏ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခြင်းရှိ/မရှိ လာရောက်စစ်ဆေး
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်နှင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့သည် ပခုက္ကူအကျဉ်းထောင်ရှိ အကျဉ်းသူ/အကျဉ်းသားများ၏ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခြင်းရှိ/မရှိကို ဒီဇင်ဘာလတွင် လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM) ပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအတွင်း လုထုအားကစားလှုပ်ရှားမှုများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်သူလူထုများဖြစ်လာစေရန် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ လုထုအားကစားလှုပ်ရှားမှု Exercise is Medicine ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၁၉ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ Myanmar Fitness Dance (EIM) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ကျွန်းစုမြို့နယ် ပထော်ကျေးရွာ၌ “မူးယစ်ကင်းစင်နယ်မြေ” ဆိုင်းဘုတ်များ စိုက်ထူ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထော်ကျေးရွာအတွင်း မူးယစ်ဆေးဝါး ကင်းစင်သည့်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက “မူးယစ်ကင်းစင်နယ်မြေ” ဆိုင်းဘုတ်များကို တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ဆောင်းရာသီကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမီစိုက်ပျိုးနိုင်ရန် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ပေါက်မြို့နယ်၌ ဆောင်းရာသီသီးနှံဖြစ်သော ကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမီစိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီလယ်ထွန်စက်ကြီးများနှင့် မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပေါက်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း (၇၁)အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၅)ရှိပြီး ယောချောင်း၊ ကျောချောင်း ဘေးတစ်လျှောက်ရှိ စိုက်ပျိုးရေးတောင်သူများသည် ဆောင်းသီးနှံကြက်သွန်ကို ယောချောင်းဘေးတစ်လျှောက်နှင့် အာလူးကို ကျောချောင်းဘေးတစ်လျှောက်တွင် အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် စည်ပင်သာယာမှ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
လှိုင်သာယာမြို့နယ် စည်ပင်သာယာမှ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၁ ရက်က စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်။