ဇီဝိတဒါန သွေးလှူရှင်များအသင်းကြီး၏ (၁၇)နှစ်မြောက်နှစ်ပတ်လည် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်(၉)နာရီက ဇီဝိတဒါန သွေးလှူရှင်များ အသင်းကြီး၏ (၁၇)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရ
အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင်  ထိခိုက်နစ်နာသူများအား စတုတ္ထအကြိမ် လျော်ကြေးပေးအပ်
ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းပိုင်းဖြစ်ပြီး မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေး စင်္ကနြ်လမ်းမကြီးပေါ်တွင် ချိတ်ဆက်တည်ရှိသော အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း တွင် ထိခိုက်နစ်နာသူများအား စတုတ္ထအကြိမ် လျော်ကြေးငွေပေးအပ်သည့်အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌  ကျင်းပသည်။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် မသန်စွမ်းသူများအား ထည့်သွင်း စဉ်းစား ဆောင်ရွက် နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖလမ်းမြို့၌ ကျင်းပ
ဖလမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် Save the Children တို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် မသန်စွမ်းသူများအား ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေး( Disability Inclusive Advocacy ) မြို့နယ်အဆင့်အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်
တန့်ယန်းမြို့နယ် အထက(၁) ဘင်ခရာတပ်ဖွဲ့အတွက် တူညီဝတ်စုံပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာ တပ်ဖွဲ့ အတွက် ကျောင်းသားကျောင်းသူဟောင်းများမှ လှူဒါန်းခဲ့သည့် တူညီဝတ်စုံပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပ
ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိမ်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ် (Tangible Culture) နှင့် -----------
မြောင်းမြမြို့ကလေးစာပေပွဲတော် ပိတ်ပွဲကျင်းပ ၊ ကျောင်းသားကျောင်းသူ ခြောက်သောင်းကျော် တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော မြောင်းမြ မြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာ ခန်းမ၌ ကျင်းပ
ပြည်ခရိုင် မြို့နယ်ခြောက်မြို့နယ်တွင် ကျပ်သန်း ၂၀ဝ၀ ကျော်အသုံးပြု၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၂၀ဝ၀ကျော်အသုံးပြု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချပြရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက ပြည်ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။