သာပေါင်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ် စာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော သာပေါင်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ် စာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်၊နံနက် ၉ နာရီက သာပေါင်း (အ.ထ.က)ကျောင်း မုခ်ဦးရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဒေါ်ခင်မိုးဝါ၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးအောင်အောင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူလှိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ








