မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးဆေးတက္ကသိုလ်တွင် First Myanmar- Swiss Cadaveric Craniotomy Course  သင်တန်းဖွင့်လှစ်ပို့ချ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးဆေးတက္ကသိုလ်တွင် မြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးများပူးပေါင်း၍  သက်မဲ့ခန္ဓာကိုယ်အသုံးပြုကာ ဦးခေါင်းပိုင်း ဆိုင်ရာ ခွဲစိတ်ကုသနည်းပညာ လေ့ကျင့်သင်ကြားရေး First Myanmar- Swiss Cadaveric Craniotomy Course  သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ပို့ချ ပေးခဲ့ ကြောင်း သိရ
ချမ်းအေးသာစံမြို့နယ်တွင် ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း စတင်ထိုးနှံပေး
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ဝက်သက် - ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီခွဲမှ စတင်ကာ  ရပ်ကွက်များတွင် ကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ပေးကြောင်း သိရ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ခရိုင်ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်ချက်တာဝန်များ ပေးအပ်ပွဲပြုလုပ်
ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ဒေသန္တရစီမံ ကိန်း နှင့်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် တာဝန်များပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရ
ကျောက်ဆည်မြို့တွင် ဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ရှိ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း သားဖွားခန်းရှေ့တွင် ကလေးအသက်(၉)လမှ(၅)နှစ်ခွဲအတွင်းနိုင်ငံ့တစ်ဝန်းဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို Gavi ,World   Health  Organization , unicef တို့၏ ပံ့ပိုးကူညီ မှုဖြင့် နိုဝင်ဘာ(၂၆)ရက်နံနက်(၉)နာရီက ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်၊ ဒေါက်တာစိုးလင်းထူး နှင့် ဒေါက်တာ ယဉ်မင်းမင်းစိန်တို့က အဆိုပါ သားဖွားခန်းရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြောင်းသိရ
ရွှေဘိုခရိုင်၌ စပါးအစွမ်းဖွင့်စိုက်ပျိုးရေးနည်းစနစ်နှင့် သဘာဝပတ်ဝန်းကျင်မပျက်သော သီးနှံစုံ စိုက်ပျိုးနည်း စနစ် သင်တန်းဖွင့်လှစ်"
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ရာသီဥတုနှင့်လိုက်လျောညီထွေသည့် စပါးအစွမ်းဖွင့် စိုက်ပျိုးရေး (SRI)နည်းစနစ်နှင့် သဘာပတ်ဝန်းကျင်မပျက်ရေရှည်တည်တံ့သော သီးနှံစုံ စိုက်ပျိုးရေး နည်းစနစ် သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ရွှေဘိုခရိုင် စိုက်ပျိုးရေး ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့
လာပို့ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း စတင်ဖောက်လုပ်ပြီ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဂန့်ဂေါမြို့နယ် လာပို့ရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖောက်လုပ်ပြီဖြစ်ကြောင်း သိရ
စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က‌လေးခရိုင်အတွင်းရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး စုစုပေါင်းတောင်သူ ၄၀ တို့ထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊  စားရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲများကို ယနေ့  နံနက် ၉ နာရီမှ  မွန်းတည့် ၁၂ နာရီကျော်အထိ ကလေးခရိုင် ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပ