ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများအတွက် ပဏာမစစ်ဆေးခြင်း ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှု အားပေး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အ.ထ.က(၄)အလုံ၊ အ.ထ.က(၁)လသာ၊ အ.ထ.က(၂) လသာစာဖြေဌာနများသို့ သွားရောက်၍ ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာအတွက် ပဏာမစစ်ဆေးခြင်း အင်္ဂလိပ်စာဘာသာရပ်နှင့် သုတရေးရာဘာသာရပ်ဖြေဆိုမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။