ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေ ၁ ရက် နံနက် ၉ နာရီခွဲက မဲကနယ်တိုးချဲ့ ကွက်သစ်၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက် သစ်ပင်စိုက်ပျိုးပေးခဲ့ကြသည်။