မိုင်းဖြတ်မြို့ နမ့်ယွန်းကျေးရွာ၌ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ဖွင့်လှစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မိုင်းဖြန်မြို့ နမ့်ယွန်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းအဆင့်မှ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ဇွန် ၁ ရက် နံနက် ၁၀ နာရီက ကျောင်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။