ကမ္ဘာ့အဆင့်စက်ရုပ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အောက်တိုဘာတွင် ကျင်းပမည့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သည့် First Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ကျင်းပသည့် ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲကြီးမှ သိရသည်။