ကျိုက်မရောတွင် မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ စမ်းသပ်ခွဲစိတ်ပေး

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်ပါရမီ (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် (၁၀ )ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ပေးခြင်း အလင်းဒါနအလှူကို ယနေ့ နံနက် ၉ နာရီက ပါရမီအခမဲ့ကုသိုလ်ဖြစ်ဆေးခန်း၌ ကျင်းပပြုလုပ်
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ ကြည့်ရှု စစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် သံတောင်မြို့၌ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်း၊ မြို့မိ မြို့ဖများ၊ စာကြည့်တိုက်ကော်မတီများနှင့် တွေ့ဆုံ၍ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊  ပြည်သူများ စာပေဖတ်ရှုလေ့လာရေးကိစ္စများ၊ ကလေးစာဖတ်ခန်းနှင့် စာဖတ်ဝိုင်းများ၊ ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရန်ကိစ္စများ၊ စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ပေးရန် ကိစ္စများအား ဆွေးနွေးပြောကြားခဲ့
အ.ထ.က(၁)ဇလွန်၌ ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်
ဟင်္သာတခရိုင်၊ ဇလွန်မြို့ အ.ထ.က(၁) ကျောင်းတွင်ကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့
ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျော့ချရေး မကွေးမြို့ ရန်ပယ်ဈေးကြီးအတွင်း အသိပညာပေး
မကွေးတိုင်းဒေသကြီး၊ ပတ်ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ စီစဉ်ဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖြစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မကွေးမြို့ ရန်ပယ်ဈေးကြီးအတွင်းရှိ ဈေးသည်များနှင့် ဈေးဝယ်ယူသူများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရ
တပ်ကုန်းမြို့၌ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ပြည်သူများ စုပေါင်း၍ စွန့်ပစ်အမှိုက်ကောက်ခြင်းကို နိုဝင်ဘာ ၂ ရက် နံနက် ၇ နာရီက ကားလမ်းဘေးဝဲ/ယာတစ်လျှောက် ကောက်ယူသန့်ရှင်းရေး ဆောင်ရွက်ကြ
ရှားတောမြို့နယ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်
ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်း၌ မြို့တွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းအမှိုက်ကောက်ခြင်းကို နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြ
ကန်ကြီးထောင့်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အောက်တိုဘာ ၃၁ ရက် ညပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံများ ပြိုကျ ပျက်စီးခဲ့သည့် မြို့ပေါ်မှ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၆) ရပ်ကွက်များနှင့် ရွာသစ်ကုန်းကျေးရွာ၊ မဂူကျွန်းကျေးရွာတို့မှ လေဘေးသင့် ဘုန်းတော်ကြီးကျောင်းနှင့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲကို နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီက ရွာသစ်ကုန်းကျေးရွာ ခန်းမဆောင်၌ ပြုလုပ်ခဲ့