ပူတာအို၌ မိုးစပါးစိုက်ခင်းများအား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကွင်းဆင်း စစ်ဆေးပြီး မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ဆွေ လိုက်ပါလျက် ပူတာအိုမြို့နယ် မတ်ပန်ကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးစံပြစိုက်ခင်းများကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးပြီး မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ








