ရေရှားပါးသော အောင်သာယာ ကျေးရွာသို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ရေရှားပါးသော အောင်သာယာ ကျေးရွာသို့ ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်ဦးစီး၍ တပ်ဖွဲ့ဝင် (၇)ဦး၊ ကျီးကန်းပြင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မောင်ထွေးဦးဆောင်၍ တပ်ဖွဲ့ဝင် (၅)ဦးတို့မှ မီးသတ်ယာဉ် (၂)စီးတို့ဖြင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။