နိုင်ငံတကာသို့ မြန်မာ့ပျားရည် နှစ်စဉ်တန်ချိန် (၃၀ဝ၀) ကျော်တင်ပို့နိုင်
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မေ ၂၀ ရက်တွင် ကျရောက်သည့် (World Bee Day- 2019) ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ် ပျားရည်ပြိုင်ပွဲနှင့် ပျားထွက်ပစ္စည်း ပြပွဲကို မေ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး ခြံဝင်းအတွင်း၌ ဆိုင်ခန်းပေါင်း (၁၀) ခန်းဖြင့် ခင်းကျင်းပြသခဲ့ကြောင်း သိရှိရသည်။