စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးဌာနမှ အမျိုးသားလျှပ်စစ် (NEP-1) စီမံကိန်းဖြင့် ၂၀၁၉ခုနှစ်တွင် ကျေးရွာပေါင်း ၁၉ ရွာတွင် ၂၄ နာရီကျေးရွာ လျှပ်စစ်မီး ရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြိုးကြာဝင်းကျေးရွာ၌ အမျိုးသားလျှပ်စစ်(NEP-1) စီမံကိန်းလုပ်ငန်းပြီးစီပြီဖြစ်၍ ၂၄ နာရီ ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် အဆိုပါကျေးရွာ လျှပ်စစ်မီး ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ