မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးသို့ နှလုံးနှိုးစက် ၂ စုံ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ ခုတင် ၂၀ဝ  ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် နှလုံးနှိုးစက်နှင့် ဆက်စပ်ပစ္စည်းများကို မြောင်းမြမြို့နယ်အသင်း (ရန်ကုန်) မှ အလုပ်အမှုဆောင်များ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရ
အင်းစိန်မြို့နယ်၌ ရေမြောင်းပိတ်ဆို့မှု မရှိစေရန် မြေသားမြောင်းတူးဖော်ခြင်း ဆောင်ရွက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရန် နှင့် ကောင်းမွန်စွာ သွားလာနိုင်စေရန် ရည်ရွယ်၍ ရေမြောင်းပိတ်ဆို့မှု မရှိစေရန် မြေသားမြောင်း တူးဖော်ခြင်း ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၀ ရက်  နံနက်ပိုင်းက အင်းစိန်မြို့နယ် ပိန္နဲကုန်း ရပ်ကွက်၊သရက်ခြံလမ်းတွင် ဆောင်ရွက်ခဲ့
မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖေါင်ဒေးရှင်းမှ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီး(၅၀ဝ၀) ပူဇော်ပွဲ နှင့် မီးပုံးပျံ(၃၀ဝ၀) လွှတ်တင်ပူဇော်ပွဲကျင်းပ
ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ Dhama kaya foundation တို့ ပူးပေါင်းပါဝင်မှုဖြင့် ဓမ္မစကူးကျောင်းသားကျောင်းသူများ၏ အောက်တိုဘာလ ၂၀ ရက် ညပိုင်းက ကော့သောင်းမြို့၊ ရန်ကြီးအောင်ဘောလုံးကွင်း၌ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ဆီမီး(၅၀ဝ၀)ပူဇော်ပွဲ နှင့် မီးပုံးပျံ(၃၀ဝ၀) လွှတ်တင်ပူဇော်ပွဲအား စတုထ္တအကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရ
မယ်စဲ့မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံပြည်သူများတွေ့ဆုံ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းက နမ့်ပိန်းလင်ကျေးရွာနှင့် နမ့်ဟူးကျေးရွာတို့၌ ကျင်းပခဲ့
ဖာပွန်၊ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးနှင့်ဘားအံသံလွင်မြစ်အနောက်ဘက်ကမ်းကျေးရွာအချို့ ရေအရောင်    ပြောင်းလဲမှုကြောင့် စိုးရိမ်နေမှုအပေါ် ဖြေရှင်းပေးနိုင်ရေးပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးနှင့် ဘားအံခရိုင်၊ ဘားအံမြို့ သံလွင်မြစ်အနောက်ဖက်ကမ်း ကျေးရွာအုပ်စုအချို့တွင် ထူးရှားစွာ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်အချို့တွင် ရေများ အရောင်ပြောင်းလဲခြင်းအပေါ် ကျေးရွာနေဒေသခံပြည်သူများမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေမှု အား ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက စတင်ကာ ဖာပွန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရ
အဝါရောင် မျိုးဆက်သစ်ကလေးများစောင့်ရှောက်ရေး မူကြိုကျောင်းဆောက်လုပ်ရန် "ကမ်းလက်ဖြူစင်ကရုဏာရှင်" ပရဟိတအဖွဲ့(ရန်ကုန်)မှ အလှူငွေများလာရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အဝါရောင်မျိုး ဆက်သစ်လူငယ်ပရဟိအသင်း(Yellow Generation Wave) ပုသိမ်ဌာနခွဲ(ရွာသစ်ကုန်း)၌ မျိုးဆက်သစ် ကလေးငယ်များအတွက် မူကြိုကျောင်းဆောင် ဆောက်လုပ်ရန် မတည်အလှူငွေ ကျပ်သိန်းနှစ်ဆယ်ကို "ကမ်းလက်ဖြူစင်ကရုဏာရှင်" ပရဟိတအဖွဲ့(ရန်ကုန်)မှ ယမန်နေ့ နံနက်ပိုင်းတွင် လာရောက် လှူဒါန်းခဲ့
ကလိန်အောင်မြို့၌ သီတင်းကျွတ်လမှစ၍ ငါးခြောက်များ ရောင်းအားကောင်း
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် သီတင်းကျွတ်လပိုင်းနှင့် တန်ဆောင်မုန်းလတို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ကထိန်နှင့် အလှူအတန်းပွဲများ များပြားခြင်းကြောင့် ငါးခြောက်များ ဝယ်သူများလာသဖြင့် ရောင်းအား ကောင်းလာကြောင်း ကလိန်အောင် မြို့ ဈေးထဲရှိ ငါးခြောက်အရောင်းအဝယ်လုပ်ကိုင် နေသူထံမှ သိရ