ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ်-၂၀၁၉ နှင့် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲ-၂၀၁၉ တို့သို့ တက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်     ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မကာအိုအစိုးရ လူမှုရေးနှင့်ယဉ်ကျေးမှုဌာနတို့မှကြီးမှူး၍ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ် (Global Tourism Economy Forum-2019 GTEF) သို့ တက်ရောက်ခဲ့သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ‌ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ ဆက်လက်ကျင်းပသည်။
ရာဇမဏိစူဠာကောင်းမှုတော်စေတီတွင် သံဃာအပါး ၁၅၀အား ဆွမ်းကြီးလောင်းလှူ
စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် ရင်ပြင်တော်ပေါ်တွင် သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (အောက်တိုဘာ ၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က ပင့် သံဃာအပါး ၁၅၀ အား ဆွမ်းကြီးလောင်းလှူခဲ့ကြောင်း ကာင်းမှုတော်စေတီဂေါပကအဖွဲ့မှ သိရသည်။
ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ် မန္တလေးကျုံးတစ်ပတ် လူထုစုပေါင်းစက်ဘီးနင်းပွဲကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊ Unicef၊ Rotary Club တို့မှကိုယ်စားလှယ်များ၊ ပြည်သူလူထုများနှင့်အတူ ကမ္ဘာ့ ပိုလီယိုနေ့ အထိမ်းအမှတ်မန္တလေးကျုံး တစ်ပတ်လူထုစုပေါင်းစက်ဘီးနင်းပွဲသို့ ပါဝင် စီးနင်းခဲ့သည်။
မန္တလေး အေးရိပ်မွန်မိဘမဲ့အမျိုးသမီးကျောင်းသို့ စစ်ကိုင်း ဧမေတ္တာစေတနာရှင်များမှ (၂၄) ကြိမ်မြောက် လှူဒါန်း

ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့၏ ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့၏ ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက် မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။
လုမ္ဗနီ - ပုဂံ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Lumbini Development Trust တို့ စီစဉ်ကျင်းပသည့် လုမ္ဗနီ - ပုဂံ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ကျင်းပသည်။