ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော် စစ်ကိုင်း - မုံရွာ (၄)လမ်းသွား ကတ္တရာ ကွန်ကရိ (မုံရွာခရိုင်) လမ်းပိုင်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေတောင်ဟိုက်ဝေး ကုမ္ပဏီလီမိတက် မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်သည့် စစ်ကိုင်း - မုံရွာ (၄)လမ်းသွား ကတ္တရာ ကွန်ကရိ(မုံရွာခရိုင်)လမ်းပိုင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါလမ်း အပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။






